ဆေးဝါး wesite တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဗဟုသုတ ရရှိစေရန်အတွက်သာ ရည်ရွယ်ပါသည်။ ဆေးကုသမှုအတွက် အသုံးပြုရန်မဟုတ်ပါ။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများ၏ အကူအညီရယူပါ။

Amlocard 5
အမ်လိုကတ်ဒ် ၅

ပါဝင်ဖွဲ့စည်းမှု

Amlodipine Besilate

ဆေးပမာဏပါဝင်မှု

ဆေးပြား။ Amlodipine Besilate BP 5mg

အသုံးပြုနိုင်သော ရောဂါများ

သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ နာတာရှည်နှလုံးစူးအောင့်ခြင်း။

သုံးစွဲရန် အချိန်အဆ

တစ်ခါသောက် ဆေး (၁) ပြား၊ တစ်နေ့ (၁) ကြိမ် (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

နှလုံးစည်းချက်မမှန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ မူးဝေခြင်း၊ ညအိပ်မပျော်ခြင်း၊ အာခြောက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ ညဘက် ဆီးသွားခြင်း။

သတိပြုရန်အချက်များ

ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။

ဆရာဝန်ညွှန်ကြားချက်

ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည်

ထုတ်လုပ်သည့် ကုမ္ပဏီ

Mercury Laboratories Ltd

ဖြန့်ဖြူးသည့် ကုမ္ပဏီ