ဆေးဝါး wesite တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဗဟုသုတ ရရှိစေရန်အတွက်သာ ရည်ရွယ်ပါသည်။ ဆေးကုသမှုအတွက် အသုံးပြုရန်မဟုတ်ပါ။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများ၏ အကူအညီရယူပါ။

ပဋိဇီဝပိုးသတ်ဆေး
AMK
အေအမ်ကေ

ပါဝင်ဖွဲ့စည်းမှု

Amoxicillin & Clavulanic acid

ဆေးပမာဏပါဝင်မှု

သောက်ဆေးပြား Amoxicillin 250 mg & Clavulanic acid 125
သောက်ဆေးပြား Amoxicillin 500mg & Clavulanic acid 125
သောက်ဆေးပြား Amoxicillin 875 mg & Clavulanic acid 125

အသုံးပြုနိုင်သော ရောဂါများ

အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းနှင့် အောက်ပိုင်းပိုးဝင်ခြင်းကြောင့် အာသီးရောင်ခြင်း၊နားပြည်ယိုခြင်း၊ထိပ်ကပ်နာဖြစ်ခြင်း၊ လေပြွန်ရောင်ခြင်း ၊ နမိုးနီးယားဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၊ မျိုးပွားအင်္ဂါပိုးဝင်ခြင်း ၊ အရေပြားပိုးဝင်ခြင်း ၊ အရိုးနှင့်အဆစ်ပိုးဝင်ခြင်း ၊ သွားပိုးဝင်ခြင်းများတွင် သုံးစွဲနိုင်သည်

သုံးစွဲရန် အချိန်အဆ

တစ်ကြိမ်သောက်လျှင် 500mg မှ 1000 mg အထိ၊ တစ်နေ့၂-၃ ကြိမ် သောက်နိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

ဆေးတွင်ပါဝင်သော ပစ္စည်များနှင့် ဓာတ်မတည့်ပါက ယားယံခြင်း၊ အင်ပြင်ထခြင်း များဖြစ်နိုင်သည်။ ပျို့ခြင်း၊ အန်ခြင်း ၊ ဝမ်းပျက်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ လေပွခြင်းများဖြစ်နိုင်သည်။

သတိပြုရန်အချက်များ

ဆရာဝန်ညွှန်ကြားသောပမာဏထက် ပိုမသောက်ရပါ ။ ပနီဆလင် မတည့်သူများ မသောက်သင့်ပါ။

ဆရာဝန်ညွှန်ကြားချက်

ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည်

ထုတ်လုပ်သည့် ကုမ္ပဏီ

R.X manufacturing Co.,Ltd

ဖြန့်ဖြူးသည့် ကုမ္ပဏီ

Medi Myanmar Group Ltd

အလားတူဆေးဝါးများ