ဆေးဝါး wesite တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဗဟုသုတ ရရှိစေရန်အတွက်သာ ရည်ရွယ်ပါသည်။ ဆေးကုသမှုအတွက် အသုံးပြုရန်မဟုတ်ပါ။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများ၏ အကူအညီရယူပါ။

စိတ်ကျရောဂါကုသဆေး
Amilin
အမီလင်း

ပါဝင်ဖွဲ့စည်းမှု

Amitriptyline Hydrochloride

ဆေးပမာဏပါဝင်မှု

သောက်ဆေးပြား Amitriptyline Hydrochloride 10mg

အသုံးပြုနိုင်သော ရောဂါများ

စိတ်ကျရောဂါ ခံစားနေရသူများ၊ စိတ်ပူပန်မှုလွန်ကဲပြီး အိပ်မပျော်သူများ၊ အိပ်နေစဉ် အပေါ့သွားသည့် ပြဿနာရှိသော ကလေးငယ်များကို ကုသရာတွင် သုံးနိုင်သည်။

သုံးစွဲရန် အချိန်အဆ

တစ်ကြိမ်လျှင် ဆေး 50-70 mg တစ်ကြိမ် ညအိပ်ရာဝင်ခါနီး သောက်နိုင်သည်။ သက်ကြီးရွယ်အိုများတွင် ဆေးပမာဏလျှော့ပြီး 25-50 mg အတွင်းသာ သောက်သင့်သည်။ ညအိပ်ပျော်နေရင်း အပေါ့သွားသော ကလေးငယ်များတွင် ၆-၁၀ နှစ်မှာ 10-20 mg ၊ ၁၁-၁၆ နှစ်အတွင်းတွင် 25-50 mg သောက်နိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

သွေးပေါင်ကျ သတိလစ်ခြင်း၊ ထိုင်ရာမှထချိန် ရုတ်တရက် သွေးပေါင်ကျခြင်း၊ ရင်တုန်းခြင်း၊ အိပ်ငိုက်ခြင်း၊ အာခြောက်ခြင်း၊ အမြင် ဝေဝါးခြင်း၊ နှလုံးခုန်စီးချက်မမှန်ခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်နိုင်သည်။

သတိပြုရန်အချက်များ

နှလုံးကြွက်သား ပုပ်နေသူများ၊ နှလုံးစီးချက်မမှန် မြန်နေသူများ၊ အသည်းဆိုးရွားစွာ ပျက်စီးနေသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသုံးသင့်ပါ။

ဆရာဝန်ညွှန်ကြားချက်

ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည်

ထုတ်လုပ်သည့် ကုမ္ပဏီ

ဖြန့်ဖြူးသည့် ကုမ္ပဏီ

အလားတူဆေးဝါးများ

ဖော်ပြပေးရန် မရှိပါ