ဆေးဝါး wesite တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဗဟုသုတ ရရှိစေရန်အတွက်သာ ရည်ရွယ်ပါသည်။ ဆေးကုသမှုအတွက် အသုံးပြုရန်မဟုတ်ပါ။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများ၏ အကူအညီရယူပါ။

ချွဲပျော်ဆေး
Ambrox
အမ်ဘရော့စ်

ပါဝင်ဖွဲ့စည်းမှု

Ambroxol Hydrochloride

ဆေးပမာဏပါဝင်မှု

ဆေးရည် Ambroxol Hydrochloride 6mg/ml

အသုံးပြုနိုင်သော ရောဂါများ

ချွဲထ၍ ချောင်းဆိုးခြင်း၊ ရုတ်တရက်နှင့် နာတာရှည်ဖြစ်သော အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနှင့် အောက်ပိုင်း ရောင်ရမ်းခြင်း၊ လေပြွန် ရောင်ခြင်း၊ နှာခေါင်းနောက်ဘက်ရှိ နှာလိုဏ်ခေါင်းများရောင်ခြင်း၊ လေပြွန်တွင် ချွဲများ ပိတ်ခဲနေခြင်း၊ နာတာရှည် နမိုးနီးယားဖြစ်ခြင်း။

သုံးစွဲရန် အချိန်အဆ

မွေးစမှ (၂) နှစ်အထိ - (0.5 ml) မှ (1.25 ml) တစ်နေ့ (၂) ကြိမ်၊ (၂) နှစ်မှ (၁၀) နှစ်ထိ - (2.5 ml) မှ (10 ml) တစ်နေ့ (၂-၃) ကြိမ်၊ အရွယ် ရောက်သူများ ဆေးတောင့် (75 mg) တစ်နေ့ (၂-၃) ကြိမ်။

ဘေးထွက်ဆိုးကျိုးများ

ဝမ်းဗိုက်နာခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်း။

သတိပြုရန်အချက်များ

အစာအိမ်နှင့် အူသိမ်အနာရှိသူများ သတိပြုသုံးစွဲသင့်ပါသည်။

ဆရာဝန်ညွှန်ကြားချက်

ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည်

ထုတ်လုပ်သည့် ကုမ္ပဏီ

ဖြန့်ဖြူးသည့် ကုမ္ပဏီ

အလားတူဆေးဝါးများ

ဖော်ပြပေးရန် မရှိပါ