အမာရွတ်၊ အကြောပြတ်ရာများနှင့် အသားအရောင် မညီညာသည့်နေရာများ၊ ရေဓာတ်ခန်းခြောက်သော အသားအရေ၊ အိုမင်းရင့်ရော်သော အသားအရေများတွင် လိမ်းဆေးအဆီ အနည်းငယ်ကို ယူပြီး အရေပြားထဲ စိမ့်ဝင်သည်အထိ နှိပ်နယ် လိမ်းပေးပါ။ တစ်နေ့ နှစ်ကြိမ် လိမ်းနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တတ်သော အကြောပြတ်ရာများကို ကာကွယ်ရန် ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလပတ်အစမှ စပြီး တစ်နေ့နှစ်ကြိမ် လိမ်းပေးသင့်ပါသည်။