ဆေးဝါး wesite တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဗဟုသုတ ရရှိစေရန်အတွက်သာ ရည်ရွယ်ပါသည်။ ဆေးကုသမှုအတွက် အသုံးပြုရန်မဟုတ်ပါ။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများ၏ အကူအညီရယူပါ။

အရေပြားပွန်းပဲ့ယားနာလိမ်းဆေး
Bepathen Ointment
ဘီပန်သန် လိမ်းဆေး

ပါဝင်ဖွဲ့စည်းမှု

Dexapanthenol

ဆေးပမာဏပါဝင်မှု

လိမ်းဆေး Dexapanthenol 50mg

အသုံးပြုနိုင်သော ရောဂါများ

နို့်တိုက်မိခင်များ ဖြစ်လေ့ရှိသော နို့သီးခေါင်းနီရဲပြီး အပူလောင်နာဖြစ်ခြင်း၊ ကလေး Diaper ကြောင့်ဖြစ်သော အရေပြား ပွန်းသော အနာများ၊ အပူလောင်နာများ ကာကွယ်ရန်နှင့် သက်သာပျောက်ကင်းစေရန် အသုံးပြုနိုင်သည်။

သုံးစွဲရန် အချိန်အဆ

ကလေးငယ်များ Diaper လဲချိန်တွင် သန့်ရှင်းရေးလုပ်ပြီး ပေါင်ခြံတစ်ဝိုက်နှင့် တင်သားပေါ်တွင် ပါးပါးလိမ်းပေးပါ။ နို့တိုက် မိခင်များအနေဖြင့် ကလေးနို့တိုက်ပြီးလျှင် နို့သီးခေါင်းတစ်ဝိုက်တွင် ပါးပါးလိမ်းပေးပါ။ ကလေးနို့မတိုက်ခင် ပြန်၍ သန့်ရှင်းပေးပါ။

ဘေးထွက်ဆိုးကျိုးများ

နည်းပါသည်။ ဓာတ်မတည့်ပါက ယားယံခြင်း အရေပြားနီရဲခြင်း ဖြစ်တတ်သည်။

သတိပြုရန်အချက်များ

ဆေးပါဝင် ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသုံးစွဲသင့်ပါ။ နို့တိုက်မိခင်များ ကလေးနို့မတိုက်မီ သေချာသန့်ရှင်းပေးပါ။

ဆရာဝန်ညွှန်ကြားချက်

ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည်

ထုတ်လုပ်သည့် ကုမ္ပဏီ

ဖြန့်ဖြူးသည့် ကုမ္ပဏီ

အလားတူဆေးဝါးများ

ဖော်ပြပေးရန် မရှိပါ