ဆေးဝါး wesite တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဗဟုသုတ ရရှိစေရန်အတွက်သာ ရည်ရွယ်ပါသည်။ ဆေးကုသမှုအတွက် အသုံးပြုရန်မဟုတ်ပါ။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများ၏ အကူအညီရယူပါ။

သွေးတိုးရောဂါကုသေဆေး
Afur-H
အေဖာ-အိတ်ချ်

ပါဝင်ဖွဲ့စည်းမှု

Losartan Potassium & Hydrochlorothiazide

ဆေးပမာဏပါဝင်မှု

ဖလင်အုပ်ဆေးပြား။ Losartan 50mg and Hydrochlorothiazide 12.5mg

အသုံးပြုနိုင်သော ရောဂါများ

ဆေးတစ်မျိုးတည်းနှင့် မထိန်းချုပ်နိုင်သော သွေးတိုးရောဂါတွင် သုံးစွဲနိုင်သည်။

သုံးစွဲရန် အချိန်အဆ

တစ်နေ့ တစ်လုံး နေ့စဉ် (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်နိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

သွေးအားနည်းခြင်း၊ အရေပြားအောက် သွေးထွက်ပြီး သွေးခြည်ဉ အညိုအမည်းဖြစ်ခြင်း၊ သွေးနီဉပေါက်ခြင်းများ ဖြစ်တတ်ပါသည်။

သတိပြုရန်အချက်များ

ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ မသုံးသင့်ပါ။ အသည်း ဆိုးဆိုးဝါးဝါး ပျက်စီးနေသူများ၊ သည်းခြေ လမ်းကြောင်း ပိတ်နေသူများ မသုံးသင့်ပါ။

ဆရာဝန်ညွှန်ကြားချက်

ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါသည်

ထုတ်လုပ်သည့် ကုမ္ပဏီ

ဖြန့်ဖြူးသည့် ကုမ္ပဏီ