ပထမဦးစွာ လက်ထိပ်မှဖောက်သော သွေး သို့မဟုတ် သွေးပြန်ကြောမှ ဖောက်ယူထားသော သွေး ကို သွေးစုပ်ပြွန်ငယ် ဖြင့်စုပ်ယူပါ။ စုပ်ယူထားသော သွေးကို နမူနာထည့်ဘူးငယ် ထဲသို့ သေချာစွာလှည့်ပြီး ထည့်သွင်းပါ။ သွေးထည့်ထားသောပြွန်ငယ်ကို ပြန်ဆွဲထုတ်ခြင်း မပြုပါနှင့်။ ထို့နောက် သွေးနမူနာထည့်ဘူးငယ်အတွင်းရှိ ပျော်ရည်နှင့် သွေးတို့ရောနှောသွားစေရန် ၆ကြိမ်-၈ကြိမ် မျှလှုပ်ခါပါ။ ပြီးတော့ စားပွဲပေါ်တွင်ခေတ္တထောင်ထားပါ။ သွေးစစ်ကတ်ပြားကို ဘူးအတွင်းမှ ဖောက်၍ စက်မှ ကုတ်နံပတ်နှင့် ကတ်မှ ကုတ်နံပါတ်ကို အေပေါ်အောက်ညီအောင် ညှိ၍ စက်အတွင်းသွင်းပါ ။ ခဏစောင့်၍ စမ်းသပ်သွေးနမူနာအတွက် အဆင်သင့်ဖြစ်လျှင် SMPL ဟူ၍ စက်၏မျက်နှာပြင် တွင် ပေါ်လာသောအခါ သွေးနမူနာထည့် ဘူးငယ်အခြေ ရှိရာအဖုံကို ဖယ်ရှားပြီး သွေးစစ်ကတ်ရှိနမူနာ လက်ခံနေရာတွင် ထား၍ နမူနာဘူးငယ်ကို လက်ညှိုးဖြင့် ဖိချပါ။ သေချာစွာဖိချပီးလျှင် ချက်ချင်းပြန်၍ ဖယ်ရှားပါ ။ နံပါတ်များ ရေတွက်နေခြင်းကို ခေတ္တစောင့်ပါ။ ပြီးလျင် QCOKဟုပေါ်လာပြီးနောက် တိုင်းတာထားသော ရလဒ်ပေါ်လာပါမယ်။ ပြီးလျှင် စစ်ဆေးကတ်ကို ဖယ်ရှားလွင့်ပစ်ပါ။ နောက်တစ်ကြိမ် အသုံးပြုလိုလျှင် စစ်ဆေးကတ်နောက်တခုကို အသုံးပြုပါ။
ငါးမိနစ်အတွင်း သွေးအဖြေရလဒ်ကို ၉၉ ရာခိုင်နှုန်း မှန်ကန်တိကျစွာ စစ်ဆေးနိုင်ခြင်း။
ရောဂါရှာဖွေ ရန် လိုအပ်သောအခြေအနေများတွင်သာ အသုံးပြုရန် ။ စစ်ဆေးမှုမပြုမီ သွေးနမူနာယူ၊ပစ္စည်းထုတ်ပိုးအိတ်များ ကို ရေခဲသေတ္တအတွင်းထား ထားပါက အသုံးမပြုမီ အခန်းအပူချိန်တွင် တစ်နာရီခန့်ကြိုတင်ထားရှိပေးပါ။
နေရောင်ခြည် တိုက်ရိုက်ထိတွေ့ သောနေရာ၊ ပူလွန်း အေးလွန်းသောနေရာ ၊အပူအအေး နှင့်နီးသော နေရာများတွင် စမ်းသပ်စစ်ဆေးခြင်း မပြုရ။
သွေးစုပြွန်ငယ်နှင့် သွေးစုယူရာတွင် ပြွန်အပြည့် ယူရပါမယ်။ ပမာဏမနည်းရပါ ။ ပြွန်ထိပ်တွင် သွေးယိုဖိတ်ခြင်း မဖြစ်ရပါ။